Sunday, October 9, 2022

နာဂိတ

Today on countdown 31 days to my birthday , I read about Buddha in his days who was traveling all over the country with his fellow monks arrived at a village one day and rest and camp in a nearby forest.

The villagers had news of him and knowing his fame gathered and brought lots of food and arrived at the forest entrance making so much noise. Buddha hear the noise and said he did not want to meet people and accept presents. 

Here I know the reason he wanted to shun people and crowds.

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ၌ သည်းခံတော်မူပါ၊ ကောင်းသောစကားကိုဆိုတတ်သောမြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ။

အသျှင်ဘုရား ယခုအခါ ၌ မြတ်စွာဘုရား သည်းခံတော်မူရန် အချိန်ဖြစ်ပါသည်။

အသျှင်ဘုရား ယခုအခါ ၌ နိဂုံးသူ နိဂုံးသား ဇနုပုဒ်သူ ဇနပုဒ်သား ပုဏ္ဏား နှင့်အမျိုးသား တို့သည် မြတ်စွာဘုရား ကြွတော်မူလေရာ အရပ်သို့ စိတ်ညွတ်ကြကုန်လျက် သာလျှင် လိုက်ကြပါလိမ့်မည်။

အသျှင်ဘုရား မိုးကြီးသည်းထန်စွာ ရွာသွန်းလတ်သော် နိမ့်ရှိုင်း ရာ အရပ်သို့  ရေတို့သည်စီးကျ ကုန်သကဲ့သို့  အသျှင်ဘုရား ဤ အတူသာလျှင်  နိဂုံးသူ နိဂုံးသား ဇနုပုဒ်သူ ဇနပုဒ်သား ပုဏ္ဏား နှင့်အမျိုးသား တို့သည် မြတ်စွာဘုရား ကြွတော်မူလေရာ အရပ်သို့ စိတ်ညွတ်ကြကုန်လျက် သာလျှင် လိုက်ကြပါလိမ့်မည်။

ထိုသို့ ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ------

အသျှင်ဘုရား မြတ်စွာဘုရား ၏သီလတော် ပညာတော်သည် ထိုသို့ကြီးမား တော်မူခြင်းကြောင့်ဖြစ်ပါသည် ဟု လျှောက်၏။

နာဂိတ ငါသည် အခြံအရံ ( အကျော်အစော) နှင့်မဆက်ဆံလို ၊ အခြံအရံ (အကျော်အစော ) သည်လည်း ငါနှင့်အတူ မဆက်ဆံစေလင့်။

နာဂိတ ဤ ( ကာမဂုဏ် မှ ) ထွက်မြောက်မှု ၊ “ နေက္ခမ္မ “

 ချမ်းသာကင်းဆိတ်မှု ၊  “ပဝိဝေက “

 ချမ်းသာအေးငြိမ်းမှု ၊ “ဥပသမ“

 ချမ်းသာသိမှု ၊ “သမ္ဗောဓ“

 ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းပဲမရနိုင်သူသည် မစင်ကြယ်မှု ချမ်းသာငိုက်မျဉ်းမှု ချမ်းသာလာဘ် ပူဇော် သကာ အကျော်အစောချမ်းသာ ကိုသာယာ (ခံစား) ရာ၏။

 ( ကာမဂုဏ် မှ ) ထွက်မြောက်မှု ၊ “ နေက္ခမ္မ “

 ချမ်းသာကင်းဆိတ်မှု ၊  “ပဝိဝေက “

 ချမ်းသာအေးငြိမ်းမှု ၊ “ဥပသမ“

 ချမ်းသာသိမှု ၊ “သမ္ဗောဓ“

 ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းပဲရသော ငါသည်  မစင်ကြယ်မှု ချမ်းသာငိုက်မျဉ်းမှု ချမ်းသာလာဘ် ပူဇော် သကာ အကျော်အစောချမ်းသာ ကို အဘယ်မှာ  သာယာ (ခံစား) ရာအံ့နည်း။

နာဂိတ စားသောက်ခဲ လျက်အပ်သော အစာအာဟာရ၏အကျိုးဆက်ကား ကျင်ကြီးကျင်ငယ် ပင်တည်း၊

ဤ ကျင်ကြီးကျင်ငယ် သည်ထိုစားသောက်ခဲ လျက်အပ်သော အစာအာဟာရ၏ အကျိုးဆက် ပေတည်း။

နာဂိတ ချစ် အပ်သောသတ္တဝါ သင်္ခါရတို့၏ အကျိုးဆက် ကားပျက်စီးခြင်း ကွေကွင်းခြင်း ပူဆွေးငို ကျွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်း တို့ ပင်တည်း။ ဤ အဖြစ် သည် ထို ချစ်ခင်မှု ၏အကျိုးဆက်ပေတည်း။

နာဂိတ မတင့်တယ်သော အာရုံနိမိတ် ၌ ကြိုးပမ်းမှု ကို အဖန်ဖန် အားထုတ်သူ အားတင့်တယ်သော အာရုံနိမိတ် ၌ စက်ဆုပ်ရွံရှာခြင်း သည်ကောင်းစွာတည်၏။ ဤ အဖြစ်သည် ထိုကြိုးပမ်းမှု ၏ အကျိုးဆက်ပေတည်း။

နာဂိတ တွေ့ ထိမှု “ဖဿ“ဖြစ်ပေါ်ကြောင်း “အာယတန“ခြောက်ပါးတို့၌ အနိစ္စ ဟု အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေသောသူအား တွေ့ ထိမှု “ဖဿ“ ၌ စက်ဆုပ်ရွံ ရှာ ခြင်းသည်ကောင်းစွာတည်၏။

ဤအဖြစ်သည် ထို (အဖန်ဖန် ရှုလျက်နေခြင်း ) ၏ အကျိုးဆက်ပေတည်း။

နာဂိတ ( ပြင်းစွာစွဲလန်းမှု ) ဥပါဒါန်တရား ၏အာရုံဖြစ်သော ခန္ဓာ ငါးပါး တို့ ၌ဖြစ်ခြင်း ပျက်ခြင်း ကို အဖန်ဖန် ရှု လေ့ရှိသည် ဖြစ်၍ နေသောသူအား ပြင်းစွာစွဲလမ်းမှု “ ဥပါဒါန် “ ၌ စက်ဆုပ်ရွံ ရှာခြင်းသည် ကောင်းစွာတည်၏။ 

ဤ အဖြစ်သည် ထို (အဖန်ဖန် ရှုလျက်နေခြင်း ) ၏ အကျိုးဆက်ပေတည်းဟု (မိန့် တော်မူ၏)။

ဒသမသုတ်။

All are from Pali Canon in Myanmar thanks to the Sixth Buddhist council . Instead of saying prayers in Pali that we don't understand,  I prefer reading what Buddha said in Myanmar or English which I understand.

Anna.


No comments:

Post a Comment