Sunday, October 9, 2022

ဌာနသုတ်

 ရဟန်းတို့ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်သော အကြောင်း တို့ သည် ဤ ငါးမျိုးတို့ တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ------

“ (ငါသည် ) အိုခြင်းသဘောရှိ၏၊ ထိုအိုခြင်းသဘောကို မလွန်ဆန် နိုင်ချေ “ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်၏။

“နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန် နိုင်ချေ“ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်၏။

“သေခြင်းသဘောရှိ၏၊သေခြင်းသဘောတရားကို မလွန်ဆန် နိုင်ချေ“ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်၏။

“ငါ၏ ချစ်မြတ်နိုးအပ်သောအရာအားလုံးတို့နှင့်ရှင်ကွဲကွဲရခြင်း သေကွဲကွဲ ရခြင်းသည် ဖြစ်ချေမည် “ 

ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်၏။

“( ငါသည် ) ကံသာလျှင် မိမိ ဥစ္စာရှိ၏၊ကံသာလျှင်အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခို ရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည် “ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။


ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍ “(ငါသည်) အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့သတ္တဝါတို့အား ပျိုရွယ်ချိန် ၌ ပျိုရွယ်မာန်ယစ်ခြင်း ရှိ၏။ ယင်းပျိုရွယ်မာန် ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါ တို့သည် ကာယဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ထို ( အိုခြင်း ) အကြောင်းကို မပြတ်ဆင်ချင်သောထိုသူအား ပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကိုစွဲ၍ “ ငါသည် အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။


ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍ “(ငါသည်) နာခြင်းသဘောရှိ၏၊  နာခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့သတ္တဝါတို့အား အနာကင်းချိန်တွင် အနာကင်းမှု မာန်ယစ်ခြင်း    ရှိ၏။ ယင်းပျိုရွယ်မာန် ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါ တို့သည် ကာယဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ထို ( နာခြင်း ) အကြောင်းကို မပြတ်ဆင်ချင်သောထိုသူအား ပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကိုစွဲ၍ “ ငါသည် နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။

ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍ “(ငါသည်) သေခြင်းသဘောရှိ၏၊ သေခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့သတ္တဝါတို့အား အသက်ရှင်ချိန် ၌ အသက် မာန်ယစ်ခြင်း ရှိ၏။ ယင်း အသက်မာန် ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါ တို့သည် ကာယဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ထို ( သေခြင်း ) အကြောင်းကို မပြတ်ဆင်ချင်သောထိုသူအား ပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကိုစွဲ၍ “ ငါသည် သေခြင်းသဘောရှိ၏၊ သေခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။


ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍ “ငါ၏ချစ်မြတ်နိုး အပ်သော အရာအားလုံးနှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းဖြစ် ချေမည်“ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့သတ္တဝါတို့အား ချစ်ခင်မြတ်နိုးအပ်သော အရာတို့၌ လိုလား စွဲမက်ခြင်း “ဆန္ဒရာဂ“ ဖြင့်စွဲမက်သော သတ္တဝါ တို့သည် ကာယဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ထို ( ကွဲခြင်း ) အကြောင်းကို မပြတ်ဆင်ချင်သောထိုသူအားချစ်အပ်မြတ်နိုးအပ်သော အရာတို့၌ လို လား စွဲမက်ခြင်းသည် အချင်းခပ်သိမ်းမှုလည်း  ပျောက်ကင်း၏၊ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကိုစွဲ၍ “ “ငါ၏ချစ်မြတ်နိုး အပ်သော အရာအားလုံးနှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းဖြစ် ချေမည်“ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ  မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။

ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍“( ငါသည် ) ကံသာလျှင် မိမိ ဥစ္စာရှိ၏၊ကံသာလျှင်အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခို ရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည် “ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့  သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် သည်ရှိ၏။ ထိုကံအကြောင်းကို မပြတ်ဆင်ချင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်းပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကို စွဲ၍ 

“( ငါသည် ) ကံသာလျှင် မိမိ ဥစ္စာရှိ၏၊ကံသာလျှင်အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခို ရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည် “ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။

ဆက်ရန်။


ဌာနသုတ်

 ဌာနသုတ်

ရဟန်းတို့  သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ 

လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤ ငါးမျိုးတို့ တည်း။

အဘယ်ငါးမျိုးတို့ နည်းဟူမူ------

အိုတတ်သောသဘောသည် “ မအို ပါစေလင့်“ ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ 

လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

နာတတ်သောသဘောတရားသည် “ မနာဖျားပါစေလင့်“ ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ 

လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

သေတတ်သောသဘောတရားသည် “ မသေပါစေလင့် “ ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ 

လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

ကုန်တတ်သောသဘောတရားသည် “ မကုန်ဆုံးပါစေလင့် “ ဟု  သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ 

လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

ပျက်စီး တတ်သောသဘောတရားသည် “ မပျက်စီးပါစေလင့် “ ဟု  သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ 

လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

ဆက်ရန်။



နာဂိတ

Today on countdown 31 days to my birthday , I read about Buddha in his days who was traveling all over the country with his fellow monks arrived at a village one day and rest and camp in a nearby forest.

The villagers had news of him and knowing his fame gathered and brought lots of food and arrived at the forest entrance making so much noise. Buddha hear the noise and said he did not want to meet people and accept presents. 

Here I know the reason he wanted to shun people and crowds.

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ၌ သည်းခံတော်မူပါ၊ ကောင်းသောစကားကိုဆိုတတ်သောမြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ။

အသျှင်ဘုရား ယခုအခါ ၌ မြတ်စွာဘုရား သည်းခံတော်မူရန် အချိန်ဖြစ်ပါသည်။

အသျှင်ဘုရား ယခုအခါ ၌ နိဂုံးသူ နိဂုံးသား ဇနုပုဒ်သူ ဇနပုဒ်သား ပုဏ္ဏား နှင့်အမျိုးသား တို့သည် မြတ်စွာဘုရား ကြွတော်မူလေရာ အရပ်သို့ စိတ်ညွတ်ကြကုန်လျက် သာလျှင် လိုက်ကြပါလိမ့်မည်။

အသျှင်ဘုရား မိုးကြီးသည်းထန်စွာ ရွာသွန်းလတ်သော် နိမ့်ရှိုင်း ရာ အရပ်သို့  ရေတို့သည်စီးကျ ကုန်သကဲ့သို့  အသျှင်ဘုရား ဤ အတူသာလျှင်  နိဂုံးသူ နိဂုံးသား ဇနုပုဒ်သူ ဇနပုဒ်သား ပုဏ္ဏား နှင့်အမျိုးသား တို့သည် မြတ်စွာဘုရား ကြွတော်မူလေရာ အရပ်သို့ စိတ်ညွတ်ကြကုန်လျက် သာလျှင် လိုက်ကြပါလိမ့်မည်။

ထိုသို့ ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ------

အသျှင်ဘုရား မြတ်စွာဘုရား ၏သီလတော် ပညာတော်သည် ထိုသို့ကြီးမား တော်မူခြင်းကြောင့်ဖြစ်ပါသည် ဟု လျှောက်၏။

နာဂိတ ငါသည် အခြံအရံ ( အကျော်အစော) နှင့်မဆက်ဆံလို ၊ အခြံအရံ (အကျော်အစော ) သည်လည်း ငါနှင့်အတူ မဆက်ဆံစေလင့်။

နာဂိတ ဤ ( ကာမဂုဏ် မှ ) ထွက်မြောက်မှု ၊ “ နေက္ခမ္မ “

 ချမ်းသာကင်းဆိတ်မှု ၊  “ပဝိဝေက “

 ချမ်းသာအေးငြိမ်းမှု ၊ “ဥပသမ“

 ချမ်းသာသိမှု ၊ “သမ္ဗောဓ“

 ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းပဲမရနိုင်သူသည် မစင်ကြယ်မှု ချမ်းသာငိုက်မျဉ်းမှု ချမ်းသာလာဘ် ပူဇော် သကာ အကျော်အစောချမ်းသာ ကိုသာယာ (ခံစား) ရာ၏။

 ( ကာမဂုဏ် မှ ) ထွက်မြောက်မှု ၊ “ နေက္ခမ္မ “

 ချမ်းသာကင်းဆိတ်မှု ၊  “ပဝိဝေက “

 ချမ်းသာအေးငြိမ်းမှု ၊ “ဥပသမ“

 ချမ်းသာသိမှု ၊ “သမ္ဗောဓ“

 ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းပဲရသော ငါသည်  မစင်ကြယ်မှု ချမ်းသာငိုက်မျဉ်းမှု ချမ်းသာလာဘ် ပူဇော် သကာ အကျော်အစောချမ်းသာ ကို အဘယ်မှာ  သာယာ (ခံစား) ရာအံ့နည်း။

နာဂိတ စားသောက်ခဲ လျက်အပ်သော အစာအာဟာရ၏အကျိုးဆက်ကား ကျင်ကြီးကျင်ငယ် ပင်တည်း၊

ဤ ကျင်ကြီးကျင်ငယ် သည်ထိုစားသောက်ခဲ လျက်အပ်သော အစာအာဟာရ၏ အကျိုးဆက် ပေတည်း။

နာဂိတ ချစ် အပ်သောသတ္တဝါ သင်္ခါရတို့၏ အကျိုးဆက် ကားပျက်စီးခြင်း ကွေကွင်းခြင်း ပူဆွေးငို ကျွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်း တို့ ပင်တည်း။ ဤ အဖြစ် သည် ထို ချစ်ခင်မှု ၏အကျိုးဆက်ပေတည်း။

နာဂိတ မတင့်တယ်သော အာရုံနိမိတ် ၌ ကြိုးပမ်းမှု ကို အဖန်ဖန် အားထုတ်သူ အားတင့်တယ်သော အာရုံနိမိတ် ၌ စက်ဆုပ်ရွံရှာခြင်း သည်ကောင်းစွာတည်၏။ ဤ အဖြစ်သည် ထိုကြိုးပမ်းမှု ၏ အကျိုးဆက်ပေတည်း။

နာဂိတ တွေ့ ထိမှု “ဖဿ“ဖြစ်ပေါ်ကြောင်း “အာယတန“ခြောက်ပါးတို့၌ အနိစ္စ ဟု အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေသောသူအား တွေ့ ထိမှု “ဖဿ“ ၌ စက်ဆုပ်ရွံ ရှာ ခြင်းသည်ကောင်းစွာတည်၏။

ဤအဖြစ်သည် ထို (အဖန်ဖန် ရှုလျက်နေခြင်း ) ၏ အကျိုးဆက်ပေတည်း။

နာဂိတ ( ပြင်းစွာစွဲလန်းမှု ) ဥပါဒါန်တရား ၏အာရုံဖြစ်သော ခန္ဓာ ငါးပါး တို့ ၌ဖြစ်ခြင်း ပျက်ခြင်း ကို အဖန်ဖန် ရှု လေ့ရှိသည် ဖြစ်၍ နေသောသူအား ပြင်းစွာစွဲလမ်းမှု “ ဥပါဒါန် “ ၌ စက်ဆုပ်ရွံ ရှာခြင်းသည် ကောင်းစွာတည်၏။ 

ဤ အဖြစ်သည် ထို (အဖန်ဖန် ရှုလျက်နေခြင်း ) ၏ အကျိုးဆက်ပေတည်းဟု (မိန့် တော်မူ၏)။

ဒသမသုတ်။

All are from Pali Canon in Myanmar thanks to the Sixth Buddhist council . Instead of saying prayers in Pali that we don't understand,  I prefer reading what Buddha said in Myanmar or English which I understand.

Anna.


တရား

Dear friends, I will be doing 34 days marathon of knowing Buddha's teachings when he was alive and will share with you all till my birthday on November 10th.

All are from Pali Canon in Myanmar thanks to the Sixth Buddhist council . Instead of saying prayers in Pali that we don't understand,  I prefer reading what Buddha said in Myanmar or English which I understand.

Here I know the reason he wanted to shun people and crowds.

 ကျမ၏  မွေးနေ့ မရောက်ခင် ၃၂ ရက် အလိုတွင် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သော တရားများ လေ့လာပူဇော် ပါမည်။

ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် မှ မျှဝေပူဇော်ပါသည်။

 နာဂိတသုတ်

အကျွန်ုပ်သည်ဤသို့ကြားနာခဲ့ရပါသည်--

အခါတပါး၌ မြတ်စွာဘုရားသည် များစွာသောရဟန်းသံဃာ နှင့်အတူ ကောသလတိုင်း တို့၌ ဒေသစာရီ လှည့်လည်တော်မူတတ်သော် ကောသလမင်းသားတို့၏ ဣစ္ဆာနင်္ဂလမည်သော ပုဏ္ဏားရွာ သို့ရောက်တော်မူ၏။

ထိုရွာအနီးတောအုပ်၌ မြတ်စွာဘုရားသည်နေတော်မူ၏။ ဣစ္ဆာနင်္ဂလ ရွာသား ပုဏ္ဏား နှင့် အမျိုးသားတို့သည် သတင်းစကားကြားကြကုန်၏။

အချင်းတို့ သာကီဝင် မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် ဣစ္ဆယနင်္ဂလရွာသို့ကြွရောက်တော်မူ၍ရွာအနီးတောအုပ်၌သီတင်းသုံးတော်မူနေ၏ ။

ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်း သည် ဤသို့ ပြန့်နှံ့ ၍ ထွက်၏။

ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကိုခံတော်မူထိုက်သောအကြောင်းကြောင့်လည်းအရဟံမည်တော်မူ၏။

အလုံးစုံသောတရားကိုကိုယ်တိုင်သိမြင်တော်မူ၏။  ( သမ္မာသမ္ဗုဒ္ဓ )

အသိညဏ် အကျင့် ပြည့်စုံတော်မူ၏။ ( ဝိဇ္ဇာ စရဏသမ္ဗန္ဓ)

ကောင်းသောစကားကိုပြောဆို၏။  ( သုဂတ)

လောကကိုသိတော်မူ၏။ ( လောကဝိဒူ )

ဆုံးမထိုက်သူကိုဆုံးမတတ်၏။  (အနတ္တရောပုရိသ ဒမ္မသာရထိ)

နတ်လူတို့၏ဆရာဖြစ်၏။  ( သတ္တာဒေဝမနုသာနံ )

သစ္စာလေးပါးတရားကိုသိတော်မူသောကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏။

ဘုန်းတန်ခိုးကြီးသောကြောင့်လည်း ဘဂဝါမည်တော်မူ၏ ဟု သတင်းပြန့်နှံ့  ထွက်၏။

ထိုအခါ၌ ဣစ္ဆာ နင်္ဂလရွာသား ပုဏ္ဏား နှင့်အမျိုးသား တို့သည် ထိုည၌ လွန်သောအခါ ၌ များစွာသော ခဲဖွယ်စားဖွယ်တို့ ကို ယူကုန်၍ ဣစ္ဆာနင်္ဂလတောအုပ်သို့ ချဉ်းကပ်ကုန်ပြီးလျင် အပြင်ဘက်တံခါး မုဒ် ၌ ပြင်းပြကျယ်လောင်သော အသံရှိကုန်သည်ဖြစ်၍ တည်နေကုန်၏။ ထိုစဉ် အခါ ၌ အသျှင်နာဂိတသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်၏။  ထိုအခါ မြတ်စွာဘုရားသည် အသျှင်နာဂိတ ကို “ နာဂိတ ငါးတို့ကိုလုယက်ရာ၌ တံငါသည် တို့ ကဲ့သို့  ပြင်းပြကျယ်လောင်သော အသံရှိသူ တို့ကားအဘယ်သူတို့နည်း “ ဟုမေးတော်မူ၏။

အသျှင်ဘုရား သူတို့ ကား ဣစ္ဆာနင်္ဂလ ရွာသားနှင့် အမျိုးသားတို့ပါတည်း။ များစွာသောခဲဖွယ်ဘောဇဉ် ကိုယူ၍ အပြင်တံခါး မုဒ်၌ မြတ်စွာဘုရားကို ၄င်း ရဟန်းသံဃာ ကို ၄င်း ရည်မှန်းပြီးလျှင်တည်နေကြပါသည် ဟု လျှောက်၏။

နာဂိတ ငါသည် အခြံအရံ ( အကျော်အစော) နှင့်မဆက်ဆံလို ၊ အခြံအရံ (အကျော်အစော ) သည်လည်း ငါနှင့်အတူ မဆက်ဆံစေလင့်။

နာဂိတ ဤ ( ကာမဂုဏ် မှ ) ထွက်မြောက်မှု ၊ “ နေက္ခမ္မ “

 ချမ်းသာကင်းဆိတ်မှု ၊  “ပဝိဝေက “

 ချမ်းသာအေးငြိမ်းမှု ၊ “ဥပသမ“

 ချမ်းသာသိမှု ၊ “သမ္ဗောဓ“

 ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းပဲမရနိုင်သူသည် မစင်ကြယ်မှု ချမ်းသာငိုက်မျဉ်းမှု ချမ်းသာလာဘ် ပူဇော် သကာ အကျော်အစောချမ်းသာ ကိုသာယာ (ခံစား) ရာ၏။

 ( ကာမဂုဏ် မှ ) ထွက်မြောက်မှု ၊ “ နေက္ခမ္မ “

 ချမ်းသာကင်းဆိတ်မှု ၊  “ပဝိဝေက “

 ချမ်းသာအေးငြိမ်းမှု ၊ “ဥပသမ“

 ချမ်းသာသိမှု ၊ “သမ္ဗောဓ“

 ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းပဲရသော ငါသည်  မစင်ကြယ်မှု ချမ်းသာငိုက်မျဉ်းမှု ချမ်းသာလာဘ် ပူဇော် သကာ အကျော်အစောချမ်းသာ ကို အဘယ်မှာ  သာယာ (ခံစား) ရာအံ့နည်းဟု (မိန့် တော်မူ၏)။

ဆက်ရန်။







Saturday, October 8, 2022

တရား

 ကျမ၏  မွေးနေ့ မရောက်ခင် ၃၃ ရက် အလိုတွင် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သော တရားများ လေ့လာပူဇော် ပါမည်။

ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် မှ မျှဝေပူဇော်ပါသည်။

မဟာသာလပုတ္တသုတ်။

ရဟန်းတို့ သိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီး တို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါးကြကုန်၏။

အဘယ်ငါးမျိုး တို့နည်းမူ------

အကိုင်းအခက် အရွက်တို့ဖြင့်ကြီးပွါးကုန်၏။

အခေါက်ဖြင့်ကြီးပွါးကုန်၏။

အပွေးဖြင့် ကြီးပွါးကုန်၏။

အကာဖြင့် ကြီးပွါးကုန်၏။

အနှစ်ဖြင့် ကြီးပွါးကုန်၏။


ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည်  ဤကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါးကုန်သကဲ့သို့ ရဟန်းတို့  ဤအတူသာလျှင် သဒ္ဓါတရားရှိသော အမျိုးကောင်း သားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းတို့ သည် ကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါး၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ----

သဒ္ဓါတရားဖြင့်ကြီးပွါး၏။

သီလဖြင့်ကြီးပွါး၏။

အကြားအမြင်ဖြင့်ကြီးပွါး၏။

စွန့်ကြဲခြင်းဖြင့်ကြီးပွါး၏။

ပညာဖြင့်ကြီးပွါး၏။

ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းသည် ဤကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါး၏ဟု ( မိန့် တော်မူ၏)။

တောအုပ်ကြီး ၌ ရှိသည့်ကျောက်တောင် ကို အမှီပြု၍ တောစိုးသစ်ပင်ကြီးတို့သည် ကြီးပွါးစည်ပင်ကြကုန် သကဲ့သို့ ။

ထို့ အတူ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ဤ အမျိုးကောင်းသားကို မှီ၍သားမယားတို့သည်၎င်း အဆွေအမျိုးတို့သည် ၄င်း မိတ်ဆွေခင်ပွန်း တို့ သည် ၄င်း ဆွေမျိုးအပေါင်း တို့သည်၎င်း ထို အမျိုးသား ကို အမှီပြု ၍အသက်မွေးသူတို့သည် ၄င်း သီလစသည်တို့ဖြင့် ကြီးပွါးကြကုန်၏။

ထိုသီလရှိသူ ၏သီလကို ၄င်း စွန့်ကြဲ ခြင်းကို၎င်း ကောင်းသော အကျင့်စရိုက် တို့ ကို ၄င်း ကောင်းစွာမြင်ကြရကုန်သည် ဖြစ်၍ အတုလိုက်၍ပြုလုပ်ကြကုန်၏။

ပညာရှိသူတို့သည် ဤသာသနာတော် ၌ ကောင်းသောလားရာ( သုဂတိ) သို့ သွားရောက်သူတို့၏ လမ်းခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ကြ ကုန်၍ နတ်လောက ၌ ကာမဂုဏ် တို့ ကို လိုတိုင်းရလျက်နှစ်နှစ်သက်သက် ဝမ်းမြောက်ရလေကုန်သတည်း။

ဒသမသုတ်။



တရားပူဇော်ခြင်း

ကျမ၏  မွေးနေ့ မရောက်ခင် ၃၄ ရက် အလိုတွင် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သော တရားများ လေ့လာပူဇော် ပါမည်။

ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် မှ မျှဝေပူဇော်ပါသည်။

စင်္ကမသုတ်။

ရဟန်းတို့ စင်္ကြံလျှောက်ခြင်း ၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ---

ခရိးရှည်သွားနိုင်၏။

ကြိုးစားအားထုတ်နိုင်၏။

အနာရောဂါကင်း၏။

စားသောက်ခဲလျက်အပ်သောအစာအာဟာရသည် ကောင်းစွာကြေကျက်နိုင်၏။

စင်္ကြံလျှောက်ခြင်းဖြင့် ရအပ်သော တည်ကြည်မှု ( သမာဓိ)သည် ကြာမြင့်စွာ တည်တံ့နိုင်၏။

ရဟန်းတို့  ဤသည်တို့ကား စင်္ကြံ လျှောက်ခြင်း၌ အာနိသင်ငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။


နဝမသုတ်။



Thursday, October 6, 2022

Triple cover

 When I almost died from Covid third wave last year , not one of my classmates from Institute of Medical 1 knew as my facebook account was closed due to a court case.   I was all alone at Inya center for a month fighting pneumonia and low oxygen. It was a miracle I survived. This month as I reconnect with my colleagues around the world my triple Covid case travelled online around the world. I posted that I am  two times victim of Covid this month and I am suffering. ( I like to whine!) 

My golden friends who are now medical professors in high positions in various countries , North America, South America, South Africa, UK, Australia , Singapore, and other places now can give me most updated advices. This time Covid is not so dangerous but the fact to take anti viral or not is the issue. Many from US suggested and my friends from UK and Myanmar said no need to bother. 

Day and night I fight taking analgesic and antibiotics and hoping to get normal in few more days yet I get worse . Today I had another call from the West and before the call ends I took anti viral 800 mg as it has to be taken within 5 days onset. He said if not I can have recurrence later as well as some other health problems off and on. 

My friend Khin Mi said " Why now you decide to take it Anna? My patients here recover without taking expensive drug and we have to live with cover somehow and get used to it . " 

And I said, " I decide to become an American and follow Mr. Joe Biden. I can boast now! "

Khin Mi laughed . I thank her for taking care of me after getting sick taking medical leave letter from her . She made sure I had leave from the court case appointment today and it helped. Otherwise I will be spreading virus there.

Thank you all !!! my golden friends from around the world. I am proud of you all and I take all your concerns and input seriously .

But since I have lived in US, I have to take their act.  Now I have to go back after all this as Khin Mi said "we have to live with the bugs here and you will be exposed again. :( Love you my friend,  I am scared now even to go out.


Love you all !!

Anna

15:47

6th October 2022.






golden

 Friendship is golden and my friends are more so since they are medical doctors serving the community all over the world.

Doctors are worth the bodyweight of gold I may say so as I encounter other professionals in this world especially in my corrupted society. No wonder the country is in turmoil since people has no dignity nor professionalism in their own fields.

As my country went into market economy from socialist state controlled economy people started to have crazy desire to be rich . Many tried to get rich by hook or crook. The change of policy made many people rich by improper means not like normal economies where people made with their own hand and input of hard work.



Tuesday, October 4, 2022

news today

 the police officer called me saying they will help with my cases.

contemplating

 we have to live with three simple rules

1.dana sharing helping

2.sila morals

3. bawanar.... awareness of self 

is it contemplating as I am suffering from cover symptoms.

I looked deep into it .

the type of cells in our body we learned , squamous cells, cuboid cells, striated cells etc.

cells are lined in my naso pharyngeal tube. They are invaded by virus and reacting wild.

fluids are extruded from the cuboid cells.

inflammation occurred , swelling and pain.

I wonder what will Buddha and his disciples practice during these unhealthy times.

contemplating definitely helps as it dilute the suffering intensity.

the cells have their own Tatmadaws and soldiers to fight the intruders.

it will go its course and symptoms will disappear .

And I will be as good as new again.

Think about how lucky we are that suffering days are nothing compared to our healthy days.

praise my Lord!

Dear friends thanks for your concern and advises, I will bear the symptoms and pray to be back to normal in a few days.

Come what may!

Karma is my Lord.

Anna

19;22

4th October 2022




Wednesday, September 28, 2022

karma and stars

 i have lucky stars from this month and after my birthday it will all shine.

The sayar from Tg said.

new card

 I got new NRC card today thanks to the help of the officer I get it in one day.


Tuesday, September 27, 2022

K dramas

 as I am retiring , the first time I am free to watch K drama series on TV . I am hooked to them now as the korean actors have become my crush .


Final

 Been to the final highest stage to get my case solved truthfully.

Lets wait from now onwards


my birthday is coming


hopefully I can throw a grand party.


Friday, September 2, 2022

thautaputti

 I am trying every day to stay at the level of thawtapan state where there is no greed no ignorance and no anger what ever burning in you


I am at peace 


try to play tennis every day to keep my body burn unnecessary  fat  


write to J about my status 


peace peace peace 

at last

 okay now we have two final results after been up to the highest level 


now what ? wait wait wait 


lets see what they can do for me after learning the truth 

Thursday, September 1, 2022

duo lingo

 learning french with the app and enjoying it for 41 days now


Final

 we know the final result from investigation but they said they will wait for the order from the civil line and as we wait for two weeks now the document still not handled by the SG yet .

so we wait so we wait as the rascals are having birthday party grandiosely


Tuesday, July 12, 2022

life in a standstill

 waiting now after being questioned about my case 

come what may 


I just want justice 

Friday, June 24, 2022

Sunday, June 19, 2022

Dear John

 Dear John,


it is raining now in Yangon. It was sunny this morning and at 10.40 the sky become dark and start raining reminding me that it is rainy season after all.


Thursday, June 2, 2022

still fighting

 the rascal is doing his last fight accusing me of taking interest 

hopefully they should arrest him soon.

Monday, May 9, 2022

Missing you !

 I sent an e mail to you updating about my status.

The hotel at Georgia Savannah sent a mail to my mail box addressing  you about how was your stay with them after May 5th check out.

Now I know you are traveling again.


I will host a monks soon ceremony on your birthday on 15th on your behalf.



Tuesday, April 19, 2022

Monday, April 4, 2022

War

 This is real war going on between me and the scoundrels that conned me my fortune.


I hope to get results in next few weeks.


Baydin said 17th April and that's about right.


Thursday, January 27, 2022

women

 What do we do with women who are shopping incessantly. 

I pray I pray

 Dear Gods, I share with you my good deeds offering to Buddha and please help me get back my money .

Wednesday, January 26, 2022

Romance and real life

 Romance is the best if you can just be dreaming about it .

Once you have romance it only last a short while.

When Kay met his first love Aung , she was 21 and it last till they got married and she had to move into her mother in law's house.

For them as college students they could not afford to live alone nor have any income to be independent.

Aung got his degree and had a job but his salary is just enough to pay for the nanny of their first baby.

Yes Kay got pregnant as soon as she got married and had her first baby in one year of marriage.

Her parents took care of the baby till she is 18 months old.

After that they take their baby back and have a nanny to take care of her as the mother continues her study.

The mother in law is not bad but the sister in law and her husband took them as their enemies and every day attacked her so that the grandma would not favor her and her baby above them and their son.

Kay's romance is killed as soon as she got married and had to move in with her in laws.






Netflix movies

 Kay spend her days and night watching Netflix and youtube movies . It is safer not to be on facebook and also saves money .  

Today she is watching My Father's Violin and it is an interesting movie. Sad story of a sick violin player and his young kid. 

Edge of war is a good movie about Hitler and WWII with friend from Oxford playing their roles in Germany and England. It shows Chamberlain's weakness and Hitler's craziness.

Kay watched Nottinghill again and love Hugh Grant so much . He is so handsome. 

At night she would show her maid a Korean drama Crash landing on you . Two episodes per day . She has to translate a bit as it is only English subtitle. 


night rashes

 Kay had citrine to help her itchiness of rashes on her body reaction to Covid vaccine she has taken in November . Still she woke up and half asleep scratching the back of her head. The head also has allergies due to dyeing. The white roots are showing already after a month of dyeing but she has to wait for another week to stretch out not to have dyes on her head again.

The deliveries of things she has bought on line keep on coming and she pay them as they come . It is almost one hundred laks now that she has spent online purchases. They sell even at midnight and as she cannot sleep at night she watched it for entertainment and happened to comment and buy them. It is a compulsive habit once you start buying , you keep on buying .

Tonight she must not open facebook even for entertainment as she needs to keep her cash lengthen till she get some more cash coming in. There is nothing in sight till she got back her money or she can sell some more apartments or lands.

The military government is thinking of taking actions against vpn users as they cannot stop them using facebook. Kay does not think that can be done but if they do so it will be good as she can save her money not spending online.




Justice

 I want justice asap as I feel so violated and insulted by these people.



Monday, January 10, 2022

urticaria

 itchy skin 

take dexa and now fat 


now stop but itchy at night 


will not take dexa tonight 


took two anti histamines


Saturday, January 8, 2022

Shoppoholic

 I am becoming one of many in my country who are doing online shopping on facebook live sales.

used goods from Japan import in containers,

have bought a lot of crystal glasses and lacquerware and plates etc


then bags and give them as x mas presents to maids


then dresses


and end up paying high for a fake LV bag .


lots of plants and pots for the garden..


my house is now full of things including carved statues and japanese dolls.


smarty is following me everywhere and will not leave me out of sight.


luck is good as ei ei came to work as my personal maid.


now the house is clean vacumed before ma htay arrives.

my clothes are organized.


so happy to have a maid for myself.

it is time I have one.


tomorrow I will get payment for the rest of the apartment sales.

after this I have no more income so I have to be careful


I don't know when I will get back my loan out cash as case is going its long course .