Sunday, October 9, 2022

တရား

Dear friends, I will be doing 34 days marathon of knowing Buddha's teachings when he was alive and will share with you all till my birthday on November 10th.

All are from Pali Canon in Myanmar thanks to the Sixth Buddhist council . Instead of saying prayers in Pali that we don't understand,  I prefer reading what Buddha said in Myanmar or English which I understand.

Here I know the reason he wanted to shun people and crowds.

 ကျမ၏  မွေးနေ့ မရောက်ခင် ၃၂ ရက် အလိုတွင် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သော တရားများ လေ့လာပူဇော် ပါမည်။

ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် မှ မျှဝေပူဇော်ပါသည်။

 နာဂိတသုတ်

အကျွန်ုပ်သည်ဤသို့ကြားနာခဲ့ရပါသည်--

အခါတပါး၌ မြတ်စွာဘုရားသည် များစွာသောရဟန်းသံဃာ နှင့်အတူ ကောသလတိုင်း တို့၌ ဒေသစာရီ လှည့်လည်တော်မူတတ်သော် ကောသလမင်းသားတို့၏ ဣစ္ဆာနင်္ဂလမည်သော ပုဏ္ဏားရွာ သို့ရောက်တော်မူ၏။

ထိုရွာအနီးတောအုပ်၌ မြတ်စွာဘုရားသည်နေတော်မူ၏။ ဣစ္ဆာနင်္ဂလ ရွာသား ပုဏ္ဏား နှင့် အမျိုးသားတို့သည် သတင်းစကားကြားကြကုန်၏။

အချင်းတို့ သာကီဝင် မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် ဣစ္ဆယနင်္ဂလရွာသို့ကြွရောက်တော်မူ၍ရွာအနီးတောအုပ်၌သီတင်းသုံးတော်မူနေ၏ ။

ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်း သည် ဤသို့ ပြန့်နှံ့ ၍ ထွက်၏။

ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကိုခံတော်မူထိုက်သောအကြောင်းကြောင့်လည်းအရဟံမည်တော်မူ၏။

အလုံးစုံသောတရားကိုကိုယ်တိုင်သိမြင်တော်မူ၏။  ( သမ္မာသမ္ဗုဒ္ဓ )

အသိညဏ် အကျင့် ပြည့်စုံတော်မူ၏။ ( ဝိဇ္ဇာ စရဏသမ္ဗန္ဓ)

ကောင်းသောစကားကိုပြောဆို၏။  ( သုဂတ)

လောကကိုသိတော်မူ၏။ ( လောကဝိဒူ )

ဆုံးမထိုက်သူကိုဆုံးမတတ်၏။  (အနတ္တရောပုရိသ ဒမ္မသာရထိ)

နတ်လူတို့၏ဆရာဖြစ်၏။  ( သတ္တာဒေဝမနုသာနံ )

သစ္စာလေးပါးတရားကိုသိတော်မူသောကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏။

ဘုန်းတန်ခိုးကြီးသောကြောင့်လည်း ဘဂဝါမည်တော်မူ၏ ဟု သတင်းပြန့်နှံ့  ထွက်၏။

ထိုအခါ၌ ဣစ္ဆာ နင်္ဂလရွာသား ပုဏ္ဏား နှင့်အမျိုးသား တို့သည် ထိုည၌ လွန်သောအခါ ၌ များစွာသော ခဲဖွယ်စားဖွယ်တို့ ကို ယူကုန်၍ ဣစ္ဆာနင်္ဂလတောအုပ်သို့ ချဉ်းကပ်ကုန်ပြီးလျင် အပြင်ဘက်တံခါး မုဒ် ၌ ပြင်းပြကျယ်လောင်သော အသံရှိကုန်သည်ဖြစ်၍ တည်နေကုန်၏။ ထိုစဉ် အခါ ၌ အသျှင်နာဂိတသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်၏။  ထိုအခါ မြတ်စွာဘုရားသည် အသျှင်နာဂိတ ကို “ နာဂိတ ငါးတို့ကိုလုယက်ရာ၌ တံငါသည် တို့ ကဲ့သို့  ပြင်းပြကျယ်လောင်သော အသံရှိသူ တို့ကားအဘယ်သူတို့နည်း “ ဟုမေးတော်မူ၏။

အသျှင်ဘုရား သူတို့ ကား ဣစ္ဆာနင်္ဂလ ရွာသားနှင့် အမျိုးသားတို့ပါတည်း။ များစွာသောခဲဖွယ်ဘောဇဉ် ကိုယူ၍ အပြင်တံခါး မုဒ်၌ မြတ်စွာဘုရားကို ၄င်း ရဟန်းသံဃာ ကို ၄င်း ရည်မှန်းပြီးလျှင်တည်နေကြပါသည် ဟု လျှောက်၏။

နာဂိတ ငါသည် အခြံအရံ ( အကျော်အစော) နှင့်မဆက်ဆံလို ၊ အခြံအရံ (အကျော်အစော ) သည်လည်း ငါနှင့်အတူ မဆက်ဆံစေလင့်။

နာဂိတ ဤ ( ကာမဂုဏ် မှ ) ထွက်မြောက်မှု ၊ “ နေက္ခမ္မ “

 ချမ်းသာကင်းဆိတ်မှု ၊  “ပဝိဝေက “

 ချမ်းသာအေးငြိမ်းမှု ၊ “ဥပသမ“

 ချမ်းသာသိမှု ၊ “သမ္ဗောဓ“

 ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းပဲမရနိုင်သူသည် မစင်ကြယ်မှု ချမ်းသာငိုက်မျဉ်းမှု ချမ်းသာလာဘ် ပူဇော် သကာ အကျော်အစောချမ်းသာ ကိုသာယာ (ခံစား) ရာ၏။

 ( ကာမဂုဏ် မှ ) ထွက်မြောက်မှု ၊ “ နေက္ခမ္မ “

 ချမ်းသာကင်းဆိတ်မှု ၊  “ပဝိဝေက “

 ချမ်းသာအေးငြိမ်းမှု ၊ “ဥပသမ“

 ချမ်းသာသိမှု ၊ “သမ္ဗောဓ“

 ချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းပဲရသော ငါသည်  မစင်ကြယ်မှု ချမ်းသာငိုက်မျဉ်းမှု ချမ်းသာလာဘ် ပူဇော် သကာ အကျော်အစောချမ်းသာ ကို အဘယ်မှာ  သာယာ (ခံစား) ရာအံ့နည်းဟု (မိန့် တော်မူ၏)။

ဆက်ရန်။







No comments:

Post a Comment