Sunday, October 9, 2022

ဌာနသုတ်

 ရဟန်းတို့ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်သော အကြောင်း တို့ သည် ဤ ငါးမျိုးတို့ တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ------

“ (ငါသည် ) အိုခြင်းသဘောရှိ၏၊ ထိုအိုခြင်းသဘောကို မလွန်ဆန် နိုင်ချေ “ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်၏။

“နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန် နိုင်ချေ“ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်၏။

“သေခြင်းသဘောရှိ၏၊သေခြင်းသဘောတရားကို မလွန်ဆန် နိုင်ချေ“ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်၏။

“ငါ၏ ချစ်မြတ်နိုးအပ်သောအရာအားလုံးတို့နှင့်ရှင်ကွဲကွဲရခြင်း သေကွဲကွဲ ရခြင်းသည် ဖြစ်ချေမည် “ 

ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင် အပ်၏။

“( ငါသည် ) ကံသာလျှင် မိမိ ဥစ္စာရှိ၏၊ကံသာလျှင်အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခို ရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည် “ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။


ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍ “(ငါသည်) အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့သတ္တဝါတို့အား ပျိုရွယ်ချိန် ၌ ပျိုရွယ်မာန်ယစ်ခြင်း ရှိ၏။ ယင်းပျိုရွယ်မာန် ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါ တို့သည် ကာယဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ထို ( အိုခြင်း ) အကြောင်းကို မပြတ်ဆင်ချင်သောထိုသူအား ပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကိုစွဲ၍ “ ငါသည် အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။


ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍ “(ငါသည်) နာခြင်းသဘောရှိ၏၊  နာခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့သတ္တဝါတို့အား အနာကင်းချိန်တွင် အနာကင်းမှု မာန်ယစ်ခြင်း    ရှိ၏။ ယင်းပျိုရွယ်မာန် ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါ တို့သည် ကာယဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ထို ( နာခြင်း ) အကြောင်းကို မပြတ်ဆင်ချင်သောထိုသူအား ပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကိုစွဲ၍ “ ငါသည် နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။

ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍ “(ငါသည်) သေခြင်းသဘောရှိ၏၊ သေခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့သတ္တဝါတို့အား အသက်ရှင်ချိန် ၌ အသက် မာန်ယစ်ခြင်း ရှိ၏။ ယင်း အသက်မာန် ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါ တို့သည် ကာယဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ထို ( သေခြင်း ) အကြောင်းကို မပြတ်ဆင်ချင်သောထိုသူအား ပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကိုစွဲ၍ “ ငါသည် သေခြင်းသဘောရှိ၏၊ သေခြင်းသဘောကိုမလွန်ဆန်နိုင်ချေ“ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။


ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍ “ငါ၏ချစ်မြတ်နိုး အပ်သော အရာအားလုံးနှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းဖြစ် ချေမည်“ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့သတ္တဝါတို့အား ချစ်ခင်မြတ်နိုးအပ်သော အရာတို့၌ လိုလား စွဲမက်ခြင်း “ဆန္ဒရာဂ“ ဖြင့်စွဲမက်သော သတ္တဝါ တို့သည် ကာယဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကိုပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကိုပြုကျင့်ကုန်၏၊ ထို ( ကွဲခြင်း ) အကြောင်းကို မပြတ်ဆင်ချင်သောထိုသူအားချစ်အပ်မြတ်နိုးအပ်သော အရာတို့၌ လို လား စွဲမက်ခြင်းသည် အချင်းခပ်သိမ်းမှုလည်း  ပျောက်ကင်း၏၊ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကိုစွဲ၍ “ “ငါ၏ချစ်မြတ်နိုး အပ်သော အရာအားလုံးနှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းဖြစ် ချေမည်“ ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ  မပြတ်ဆင်ခြင်အပ်၏။


ဆက်ရန်။

ရဟန်းတို့ အဘယ်အကျိုးထူးကိုစွဲ၍“( ငါသည် ) ကံသာလျှင် မိမိ ဥစ္စာရှိ၏၊ကံသာလျှင်အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခို ရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည် “ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သနည်း။

ရဟန်းတို့  သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် သည်ရှိ၏။ ထိုကံအကြောင်းကို မပြတ်ဆင်ချင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်းပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤ အကျိုးထူးကို စွဲ၍ 

“( ငါသည် ) ကံသာလျှင် မိမိ ဥစ္စာရှိ၏၊ကံသာလျှင်အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခို ရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည် “ဟူ၍ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။

ဆက်ရန်။


No comments:

Post a Comment