Saturday, October 8, 2022

တရားပူဇော်ခြင်း

ကျမ၏  မွေးနေ့ မရောက်ခင် ၃၄ ရက် အလိုတွင် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သော တရားများ လေ့လာပူဇော် ပါမည်။

ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် မှ မျှဝေပူဇော်ပါသည်။

စင်္ကမသုတ်။

ရဟန်းတို့ စင်္ကြံလျှောက်ခြင်း ၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ---

ခရိးရှည်သွားနိုင်၏။

ကြိုးစားအားထုတ်နိုင်၏။

အနာရောဂါကင်း၏။

စားသောက်ခဲလျက်အပ်သောအစာအာဟာရသည် ကောင်းစွာကြေကျက်နိုင်၏။

စင်္ကြံလျှောက်ခြင်းဖြင့် ရအပ်သော တည်ကြည်မှု ( သမာဓိ)သည် ကြာမြင့်စွာ တည်တံ့နိုင်၏။

ရဟန်းတို့  ဤသည်တို့ကား စင်္ကြံ လျှောက်ခြင်း၌ အာနိသင်ငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။


နဝမသုတ်။



No comments:

Post a Comment