ဌာနသုတ်
ရဟန်းတို့  သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ
လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤ ငါးမျိုးတို့ တည်း။
အဘယ်ငါးမျိုးတို့ နည်းဟူမူ------
အိုတတ်သောသဘောသည် “ မအို ပါစေလင့်“ ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ
လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။
နာတတ်သောသဘောတရားသည် “ မနာဖျားပါစေလင့်“ ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ
လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။
သေတတ်သောသဘောတရားသည် “ မသေပါစေလင့် “ ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ
လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။
ကုန်တတ်သောသဘောတရားသည် “ မကုန်ဆုံးပါစေလင့် “ ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ
လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။
ပျက်စီး တတ်သောသဘောတရားသည် “ မပျက်စီးပါစေလင့် “ ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ
လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။
ဆက်ရန်။
No comments:
Post a Comment